စာမျက်နှာများ။: [1]
  ပုံနှိပ်ရန်။  
ရေးသားသူ ခေါင်းစဉ်။: တရားမတက်ဘူး  (ကြည့်ပြီး 580 ကြိမ်)
konavy
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 4


ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။
« ရေးသားချိန် ->: June 05, 2010, 11:37:04 PM »

မိမိအားထုပ်နေသောစဉ်ကကြုံတွေ့ရတဲ့အခက်အခဲတွေကို ဘယ်လိုဘယ်ပုံကျော်ဖြတ်တယ်ဆိုတာလေးတွေကိုမျှဝေပေးဖို့မေတ္တာရပ်ခံပါတယ်...ဒါမှတိုက်ဆိုင်တဲ့သူတွေအဆင်ပြေမှာပါ....
« နောက်ဆုံးပြင်ဆင်ခြင်း။: June 11, 2010, 07:26:43 PM ကို ရေးသားသူ konavy » ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
ansdkant
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 6


ကိုယ်ရေးဖိုင်အား ကြည့်ရန်။
« ပြန်စာရေးရန်။ #1 ရေးသားချိန် ->: June 14, 2010, 09:01:10 AM »

တရားမတက်ဘူးထင်ရင်

တတ်နိုင်သမျှစိတ်ထဲရှိသမျှတွေကို...စွန့်လွတ်လိုက်ပါ။
တို့တော့ဖြင့်ရရင်လဲရ၊ မရရင်လဲနေ...သင့်သလောက် ပစ္စုပ္ပန်တိုင်းပေါ်ပေါ်လာတဲ့ သဘာဝတွေကို(တွေ့လာသမျှကို) အပိုအလို၊မကြံမဆ၊ သိရင်သိတဲ့အတိုင်းမှတ်မယ်။ အချက်တိုင်းမပြတ် ရှိနေ၊ဖြစ်နေသလောက်ကို( ရှိနေ၊ဖြစ်နေတဲ့ဘဘာဝကို) မှတ်မယ်ဆိုပြီးလုပ်ကြည့်ပါ...

ဘယ်အရာကိုမှ မတွယ်တာပါနဲ့ ၊ စဉ်းစားတွေးတောတာလဲမလုပ်နဲ့..သဘာဝကိုသာကြည့်နေပါ....ပေါ်လာတဲ့အရာတွေကိုလဲ..အမျှသဘောရှုပါ...
ကောင်းတာရော၊ဆိုးတာရော၊ ကောင်းတာနဲ့ဆိုးတာရဲ့ကြားထဲကဟာကော၊ ကောင်းတာနဲ့ဆိုးတာရဲ့အပြင်ဖက်ကဟာရော....ဘာပဲလာလာ (မိဘဟာ..ဘယ်သားသမီးကိုမဆိုချစ်သလို) ရှုကြည့်ပါ...ဆင်ခြင်ပါ...သတိပြုပါ...

အဲဒီ..ရှုကြည့်မှု၊ဆင်ခြင်မှု..သတိပြုမှုတွေကို တဆက်စပ်ထည်းဖြစ်နေပါစေ...တတ်နိုင်ရင် (24) နာရီလောက်တဆက်တည်းရှုကြည့်ပါ။ ကြိုက်တဲ့က္ကိုရိယာပုဒ်နဲ့ရှုပါ။
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
konavy
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 4


ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။
« ပြန်စာရေးရန်။ #2 ရေးသားချိန် ->: June 15, 2010, 08:35:24 PM »

ဟုပ်တယ်ဗျ...စဉ်းစားတွေးတောနေမဲ့အစား တရားမတက်ဘူးလို့တွေးစိတ်နောက်ကအသိလိုက်ပေးနေရင်...တရားတက်ဖို့ကြိုးစားနေတာပဲနော်....ကျေးဇူးတင်ပါတယ်...
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
ansdkant
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 6


ကိုယ်ရေးဖိုင်အား ကြည့်ရန်။
« ပြန်စာရေးရန်။ #3 ရေးသားချိန် ->: June 17, 2010, 09:32:56 AM »

အမှန်ပါပဲ...
အဲလိုအချိန်တွေမှာကပ်ရက်သတိရှိနေရင်(သတိအားကောင်းနေရင်)

ြု့ဖစ်နိုင်ခြေ (၁)
"တရားမတက်သေးပါလား"လို့တွေးလိုက်တဲ့အတွေးလေးဖြစ်သွားတာပါလား၊ လို့ထပ်သိတဲ့စိတ်၊ အဲဒီလိုထပ်သိတဲ့စိတ်ကိုထပ်ပြီးသိတဲ့စိတ်၊ စိတ်ဖြစ်နေတဲ့သဘောကိုသိတဲ့စိတ်၊ အသစ်အသစ်ဖြစ်ဖြစ်လာတဲ့စိတ်တွေကိုသိနေတာတွေ၊ စိတ်တွေဟာတစ်ခုပြီးတစ်ခုကပ်လျှက်ဖြစ်နေပုံတွေကိုလဲတွေ့ရနိုင်ပါတယ်။

သတိအားဆက်ကောင်းနေရင် စိတ်တွေတစ်ခုနဲ့ တစ်ခုကွာခြားမှုတွေ၊ ကွာခြားခြင်းကိုဖြစ်ပေါ်စေတဲ့အရာတွေ ကိုလဲတွေ့ရနိုင်ပါတယ်။
သတိအားဆက်ကောင်းနေရင် နောက်စိတ်တွေကိုဖြစ်စေတဲ့တိုက်တွန်းမှုတွေကိုသတိထားနိုင်ပါလိမ့်မယ်။
အဲဒီ တိုက်တွန်းမှုတွေကိုတွေ့ရင်..နောက်စိတ်ဖြစ်လာဖို့ခက်ခဲသွားပါလိမ့်မယ်။
နောက်စိတ်မလာရင်...အချိန်ရဲ့သဘာဝမရှိတော့ပါဘူး

အထက်ပါအတိုင်းသတိအားမကောင်းရင်တော့လဲ..သာမန်မှတ်မှုကိုပဲပြန်မှတ်သွားပါလိမ့်မယ်။ "တရားမတက်သေးပါလား" လို့ဆင်ခြင်လိုက်တဲ့စိတ်ကိုပြန်မှတ်ကောင်းမှတ်နေနိုင်ပါတယ်။


ြု့ဖစ်နိုင်ခြေ (၂)
"တရားမတက်နိုင်ဖူး" ဆိုပြီးအားမရတဲ့သဘောလေးပါပါနေပါလား၊ လို့သိနေရင်း
အော် လေးပင်နေတဲ့သဘောလေးပါလား၊ လို့သိမိနိုင်ပါတယ်...
အဲလိုသိမိတာနဲ့..အဲဒီလေးပင်တဲ့အပိုင်းပြုတ်နေတဲ့နောက်ထပ်စိတ်တခုထပ်ဖြစ်လာနိုင်ပါတယ်။
လေးပင်တဲ့အပိုင်း မပါတဲ့အတွက်...ခဏနေရင်ပဲ...အဲဒီစိတ်ဟာ ပေါ့ပါးကြည်လင်လှချည်လားဆိုပြီးသိနိုင်ပါတယ်။
အဲဒီပေါ့ပါးကြည်လင်တဲ့သဘောကို..သတိထားမိရင်ပဲ....
ပေါ့ပါးကြည်လင်တဲ့သဘော မပါတော့တဲ့..စိတ်တခုဖြစ်လာတာတွေ့ရနိုင်ပါတယ်....

ဖြစ်လာတဲ့ဒေါသ(လေးလံတဲ့အပိုင်း) ပြုတ်ထွက်သွားလို့ ကြည်လင်နေတဲ့စိတ် ထဲကမှ
ကြည်လင်တဲ့အပိုင်းပြုတ်ထွက်သွားလို့ ကျန်တဲ့သဘော (အလယ်သဘော)....
အဲဒီအလယ်သဘောကိုပဲကြည့်ရင်း ထပ်ပြုတ်သွားတဲ့သဘော....
ဒီလိုနဲံ့ ရှိနေတဲ့(ဖြစ်နေတဲ့) စိတ်တွေဟာ ရှုရင်းနဲ့ကွာ..ကွာကျသွားတာ လဲဖြစ်နိုင်ပါတယ်။

အထက်ပါအတိုင်းသတိအားမကောင်းရင်တော့လဲ..သာမန်မှတ်မှုကိုပဲပြန်မှတ်သွားပါလိမ့်မယ်။ "တရားမတက်သေးပါလား" လို့ဆင်ခြင်လိုက်တဲ့စိတ်ကိုပြန်မှတ်ကောင်းမှတ်နေနိုင်ပါတယ်။

ဒါကြောင့် ပေါ်ဆဲခဏရှုမှတ်ခြင်းဟာ..အမှန်အကျင့်ဆိုတာ..သိသာနိုင်ပါတယ်။
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
konavy
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 4


ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။
« ပြန်စာရေးရန်။ #4 ရေးသားချိန် ->: June 17, 2010, 11:32:00 PM »

နောက်စိတ်ဖြစ်ဖို့တိုက်တွန်းမှု့(စေ့ဆော်တဲ့သဘောလေးကို)သိနေပါတယ်၊ဒါပေမယ့်အဲဒီပေါ်မှာစိတ်ကိုကြာကြာမတည်နိုင်ဘူးဖြစ်နေတယ်
၊ဖြစ်ဖြစ်လာမှပဲသိသိနေတော့တယ်၊အဲဒါကိုသိအောင်ကြိုးစာရမှာပေါ့နော်....အဲဒီသဘောလေးကိုသိနေတဲ့အချိန်သတိထာမိတာကတော့....
ကိုယ်ကနာနေရင်နာတဲ့သဘောကိုသိပြီးနာတဲ့နေရာပျောက်နေတယ်...သဘောတွေပဲဆက်တိုက်ပေါ်နေတာပါ...ပုံသဏာန် ခန္တာကိုယ်တွေပျောက်နေပါတယ်...တွေးတော့မယ်ဆိုလဲအဲဒီစေ့ဆော်တဲ့သဘောကအရင်ပေါ်တယ်လို့ခံစားရတယ်...အဲဒီအချိန်မှာဝမ်းသာမှုနဲ့အလိုမကျတာတွေ လွတ်နေတယ်လိုလဲပြန်ဆင်ခြင်မိတယ်......အခုနောက်ပိုင်းအဲဒီလိုအဖြစ်မျိုးနဲ့ပဲထိုင်ဖြစ်နေတာနဲနဲကြာနေပြီ....အဲဒါပဲထိုင်ကြည့်နေရမလား..လမ်းကြောင်းများမှားနေလား...
စိတ်ဝင်တစားဖြေကြားပေးတာကျေးဇူးပါ....
« နောက်ဆုံးပြင်ဆင်ခြင်း။: June 18, 2010, 05:53:24 AM ကို ရေးသားသူ konavy » ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
ansdkant
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 6


ကိုယ်ရေးဖိုင်အား ကြည့်ရန်။
« ပြန်စာရေးရန်။ #5 ရေးသားချိန် ->: June 20, 2010, 09:22:39 AM »

ကိုနေဗီရေ...

ကျွန်တော်လဲ ပေါ်ဆဲရုပ်နာမ်ကိုသတိပြုနေခြင်းဟာမမှားတဲ့လမ်း ဆိုတာကလွဲပြီးသိပ်ဘာမှမသိသေးဘူး၊

တခါတခါ ကိုယ်သွားနေတဲ့လမ်းကို သံသယရှိရင် စွန်းလွန်းဆရာတော်၊ ဝေဘူဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ သဲအင်းဂူဆရာတော်တို့ရဲ့ စာတွေ၊ တရားတွေနာနာပြီး (Judge) လုပ်ရတာပါပဲ။

ကိုနေဗီ Post ကိုပြန်ရရင်...

နောက်စိတ်ဖြစ်ဖို့တိုက်တွန်းမှု့(စေ့ဆော်တဲ့သဘောလေးကို)သိနေပါတယ်၊ဒါပေမယ့်အဲဒီပေါ်မှာစိတ်ကိုကြာကြာမတည်နိုင်ဘူးဖြစ်နေတယ်
၊ဖြစ်ဖြစ်လာမှပဲသိသိနေတော့တယ်၊အဲဒါကိုသိအောင်ကြိုးစာရမှာပေါ့နော်...


သိအောင်လိုက်လုပ်တာထက် ပေါ်သမျှကိုသာကြည့်ပါ။ (သိအောင်လိုက်လုပ်တဲ့အခါ၊ သိအောင်လိုက်လုပ်နေတဲ့ဇောတွေရှိတယ်၊ အဲဒီဇောတွေကိုမှတ်နိုင်ရင်လဲရတာပဲ၊ ဇောစိတ်တွေကသိပ်အားကောင်းပြီးညှင်သာတော့..အစမှာမှတ်ရတာ...အားတော်တော်ထုတ်ရတတ်တယ်) ခရီးတိုတာပေါ့။ ဖြစ်ဖြစ်လာတိုင်းသိသိနေတာမမှားပါဘူး။

နေရာပျောက်နေတယ်...သဘောတွေပဲဆက်တိုက်ပေါ်နေတာပါ...ပုံသဏာန် ခန္တာကိုယ်တွေပျောက်နေပါတယ်...

ကျွန်တော်လဲ တခါတခါမှတ်ရင်း...အသိနဲ့၊ အသိခံပဲရှိရှိနေတာကို ရှင်းရှင်းမြင်ရတယ်။ အဲဒီအခါမှာ...နေရာရဲ့သဘောဟာရှာမရပါဘူး...မရှိပါဘူး၊ နေရာဆိုတာရုပ်သဘောရဲ့ပညတ်အခေါ်လို့ပြောလို့ရမလားမသိဘူး၊ ရှုတဲ့စိတ်ဟာ ပညတ်ချက်ကိုကျော်ပြီး၊ ရုပ်ရဲ့တကဲ့သဘောပရမတ်တွေကိုရှုနေမိရင်နေရာရဲ့သဘောပျောက်တယ်လို့ပြောရမလားမသိဘူး....ကျွန်တော်လဲ အဲဒါကို ရှင်းရှင်သိအောင် ကျပ်ကျပ်မတ်မတ်ကို ရှုရဦးမယ်ဗျာ။ ကျွန်တော် ဘဝင်သိပ်မကျဘူး။

နောက်ပြီး အသိနဲ့၊ အသိခံပဲရှိနေတာကိုသိနေရင်...လောကကြီးမှာကျန်တဲ့လုပ်သမျှတွေဟာ မှန်တာကိုသိလို့လုပ်တာမဟုတ်ပဲ၊ ရမ်းသမ်းပြီးမျက်ကန်းတစ္စေမကြောက်လုပ်နေတာပါလားဆိုတာလဲတွေးမိတယ်၊ အဲဒါနဲ့ပဲတရားမှတ်တာကိုလုပ်နေဖြစ်တော့တာ...ဘယ်တွေရောက်မလဲတော့မသိဘူးဗျာ။

အဲဒီအချိန်မှာဝမ်းသာမှုနဲ့အလိုမကျတာတွေ လွတ်နေတယ်လိုလဲပြန်ဆင်ခြင်မိတယ်.

ပြန်ဆင်ချင်တဲ့စိတ်ကိုသိနေဗျာ....သိနေတဲ့စိတ်ကိုထပ်သိဗျာ....
သိတဲ့သဘောပဲကျန်တဲ့စိတ်ကိုသိဗျာ...ဖြစ်သမျှစိတ်တိုင်းသိနေဗျာ....
အဲဒီမှာလုပ်စရာတွေ...အများကြီးရှိတယ်....
ပေါ်သမျှစိတ်မသိ၊ မရှိစေရဘူးဆိုပြီးလုပ်ဗျာ...

တွေ့သေးတာပေါ့လေ.....
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
KShan
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 3


ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။
« ပြန်စာရေးရန်။ #6 ရေးသားချိန် ->: July 06, 2010, 08:52:48 AM »

ကျွန်တော်လည်း စကားဝိုင်းထဲ ၀င်လာပြီ...

တရားမတက်ဘူးဆိုတော့ ရှုရင်းနဲ့ တရားတက်ဖို့ မျှော်လင့်နေတာလား... တရားတက်တယ် မတက်ဘူးဆိုတာကို ဘယ်လိုပြောမလဲ.. ကိုယ့်ဥာဏ်အမြင် ပွင့်တယ်မပွင့်ဘူးဆိုတာကိုပဲ ပြောမလား.. ကျွန်တော့်အမြင် မဂ်က ကြိမ်ဖန်များစွာ ပွားများရတဲ့ ကိစ္စဆိုတော့ ဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်မဟုတ်ခဲ့ရင် တစ်ခါနှစ်ခါလောက်မြင်ရုံနဲ့ တက်ဖို့က မလွယ်ဘူးထင်တယ်.. ဖြစ်ပျက်နဲ့ မဂ်ကြားမှာ ကိလေသာခိုနေသလားဆိုတာ စစ်ကြည့်ပါလား.. တရားမတက်ဘူးဆိုတဲ့အတွေးက တကယ်ဆိုရင်သူက ဥဒ္ဓစ္စ ပျံ့လွှင့်မှု သက်သက်ပဲလို့ မထင်ဘူးလား.. သမာဓိနည်းလို့ထင်တယ်.. ဣနြေ္ဒညှိကြည့်ပါလား... တခါတလေ တရားတက်တဲ့အခါ တရားတက်တယ်လို့ သိတဲ့ နောက်က နှစ်သက်မှုက လာတတ်တယ်... သူ့ကိုသတိမထားနိုင်ပြန်ရင်လည်း အဲ့ဒီမှာရပ်သွားရော.. သိပ်နက်နဲသိမ်မွေ့တဲ့အပိုင်းရောက်သွားပြီ... ဘာလာလာ သူက အရှုခံဖို့ပဲ.. ဖြစ်ပျက်နဲ့ မဂ် ဆက်နေရင် တက်သွားမယ်လို့ထင်ပါတယ်..
ပေါ်လာတဲ့စိတ်တွေတော့ သိတာတော့ဟုတ်ပါပြီ... အဲ့ဒီပေါ်တဲ့စိတ်ပျောက်တာကော ထင်ထင်ရှားရှားတွေ့မိသလား..
အဲ့ဒီပေါ်တဲ့စိတ် ပျက်တဲ့စိတ် အပေါ်မှာကော ဒိဋ္ဌိကပ်မကပ် စစ်ကြည့်မိသေးသလား...

စိတ်တစ်ခုပေါ်တယ် ပြီးပျက်တယ်..
နောက်စိတ်ပေါ်တယ် ပြီးပျက်တယ်..
နောက်ထပ်စိတ်ပေါ်ပြန်တယ် ပြီးပျက်ပြန်တယ်..

အဲဒီလိုစိတ်ရဲ့သဘောလေးတွေ ပေါ်လိုက် ပျက်လိုက်နဲ့... ရှုပါများလာရင်.. သူက စိတ်လို့မမြင်တော့ပဲ စိတ်ရဲ့ဖြစ်ပျက်ပေါ်မှာပဲ ဥာဏ်ရောက်နေပါလိမ့်မယ်...
ကြည့်တော့စိတ်.. မြင်တော့ ဖြစ်ပျက်
ဘယ်စိတ်ကြည့်ကြည့် ဖြစ်ပျက်တွေပဲမြင်နေတယ် ဆိုရင်တော့ တွေးကြည့်လိုက်ပါ
ကိုယ့်သဏ္ဍာန်မှာဖြစ်ဖြစ်တဲ့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် မှာဖြစ်တဲ့ စိတ်တွေလည်း ဖြစ်ပြီး ပျက်တာပဲလို့ ဆိုပြီး ဥာဏ်အမြင်ကျယ်လာပါလိမ့်မယ်..
ကိုယ့်သဏ္ဍာန် တင်ပဲလားဆိုတော့ သူတပါးသဏ္ဍာန်လည်း အတူတူပဲ..
ဘယ်အရာကြည့်ကြည့် ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်ဆိုရင် ဒိဋ္ဌိကောင်းကောင်းကွာသွားပါလိမ့်မယ်.. ဒိဋ္ဌိကွာသွားတာနဲ့ မလိုချင်ဘူးဆိုတာက လိုက်လာမှာပါ..
ကိုယ့်ရှုဥာဏ်မှာ သံသယ မကွာသေးဘူးဆိုရင် ကောင်းမယ်ထင်တဲ့အရာတွေ စမ်းကြည့်သင့်ပါတယ်

ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
ansdkant
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 6


ကိုယ်ရေးဖိုင်အား ကြည့်ရန်။
« ပြန်စာရေးရန်။ #7 ရေးသားချိန် ->: July 10, 2010, 07:39:33 AM »

ကို KShan ရေ...

ကြိုဆိုပါတယ်။

ဖြစ်ပျက်နဲ့မဂ်ကြားမှာကိလေသာခိုမခိုဘယ်လိုစစ်ရမလဲ။

ဆိုပါတော့..ယောဂီတစ်ပါးမှာ.ဖြစ်ပြီးရင်ကုန်တဲ့သဘောတော့သိတယ်။ မဂ်ကကျတော့ဘာမှန်းကိုမသိတာ၊(တစ်ခါမှမဖြစ်ဘူးသေးဘူးဆိုပါစို့) ဒီအခါကိလေသာခိုမခိုဘယ်လိုသိလိမ့်မလဲ?


ပေါ်တဲ့စိတ် ပျက်တဲ့စိတ် အပေါ်မှာကော ဒိဋ္ဌိကပ်မကပ် ဘယ်လိုစစ်ရမလဲ။


ဒါလဲ ရှင်းစမ်းပါဦးဗျာ....
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
KShan
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 3


ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။
« ပြန်စာရေးရန်။ #8 ရေးသားချိန် ->: July 10, 2010, 11:03:39 AM »

မဂ်ဆိုတာကတော့ ၀ိပဿနာရှုနေတဲ့ လောကီမဂ္ဂင် ၅ ပါးကိုပဲဆိုလိုတာပါ.. သောတပတ္တိမဂ် စတဲ့ လောကကုတ္တရာမဂ်တွေကို ဆိုလိုတာမဟုတ်ပါဘူး.. ကျွန်တော်တို့တွေ ဖြစ်ပျက်မြင်တယ်ဆိုတာ ဒီလောကီမဂ္ဂင် ၅ ပါးနဲ့မြင်တာပါ.. ဒီငါးပါး မစုံရင်လည်း ဖြစ်ပျက်ကို မမြင်ပါဘူး..

ကျွန်တော်တို့တွေ ၀ိပဿနာရှုတဲ့အခါ ဖြစ်ပျက်ကိုပဲ ရှုကြရတာပါ.. ၀ိပဿနာဥာဏ်ဆိုတာ အဖြစ် အပျက် မြင်တဲ့ ဥဒယဗ္ဗယဥာဏ်ကိုပြောတာပါ...
ဥပမာ စိတ်ကိုရှုတယ်ဆိုပါစို့... စိတ်ချည်းသက်သက်ကို မရှုပဲ စိတ်ရဲ့ ပျက်ခြင်းထိရောက်အောင် ရှုရတယ်.. ဒါမှ ၀ိပဿနာဥာဏ်ဖြစ်မှာ..
အဲဒီတော့ အရှုခံတာက ဖြစ်ပျက် နောက်ကလိုက်ရှုတဲ့ဥာဏ်က ၀ိပဿနာမဂ် ဆိုပြီး ဖြစ်ပျက်တိုင်းကို လိုက်ရှုရပါတယ်..
အဲဒီလို လိုက်မရှုနိုင်တော့ဘူးဆိုတာနဲ့ ကိလေသာတွေက တစ်ခုမဟုတ် တစ်ခု ၀င်လာတာပဲ.. အဲဒါကို ကိလေသာကြားခိုတယ်လို့ခေါ်တာပါ။ ကိလေသာကြားမခိုအောင် တတ်နိုင်သမျှ ကြိုးစားပြီး ဖြစ်ပျက်နဲ့မဂ်ကိုက်နေအောင် ရှုမှတ်သွားဖို့တော့လိုပါတယ်..

အဲဒီဖြစ်တဲ့ ပျက်တဲ့သဘောကို သေချာ ဆင်ခြင်ကြည့်ပါ.. ငါ၊ ငါ့ဟာ၊ ငါ့အတ္တပဲလို့ ယူနေသေးသလားလို့..
ဥပမာ.. စိတ်တစ်ခုပေါ်လာတယ်.. အဲဒီစိတ်က ငါ့စိတ်လား... ဖြစ်ပြီး ပျက်တဲ့တရား လားလို့...
ကိုယ်က စိတ်ဆိုတဲ့ ဖြစ်ပြီး ပျက်တဲ့တရားပေါ်မှာ ငါ ငါ့ဟာ ငါ့အတ္တလို့ မမြင်တော့ဘူး ဖြစ်ပြီးပျက်တဲ့ အနိစ္စ တရား၊ လို့မြင်မှ ငါ့စိတ်လို့ထင်နေတဲ့ ဒိဋ္ဌိက ၀ိပဿနာဥာဏ်နဲ့ ကွာမှာပါ..

တခါတလေကျတော့ ရှုနေရင်းနဲ့ ဖြစ်တဲ့ သဘောလည်းမြင်တယ် ပျက်တဲ့သဘောလည်းမြင်တယ်... ဘယ်သူက မြင်နေသလဲဆိုတော့
အဲဒီ ဖြစ်တဲ့ဘော ပျက်တဲ့သဘော လေးတွေကို ငါကပဲ မြင်နေသလိုလို.. ရှုဥာဏ်ပေါ်မှာလည်း ဒိဋ္ဌိကပ်တတ်ပါသေးတယ်..
အဲဒီတော့ သူ့ကိုလည်း သိထားရမယ်.. ဖြစ်ပျက်ကို မြင်တာက ရှုဥာဏ်ဆိုတဲ့ ၀ိပဿနာမဂ္ဂင် ၅ ပါးကမြင်တာပါလို့..

အဲဒီ အရှုခံ ပေါ်မှာကော အရှုဥာဏ်အပေါ်မှာပါ ငါ ငါ့ဟာ ငါ့အတ္တ မဟုတ်ပါလားလို့ ဆင်ခြင်နှလုံးသွင်းပြီးရှုရင်တော့ မြန်လိမ့်မယ်လို့ထင်ပါတယ်
ဖြစ်ပျက်မရှုခင် ခန္ဓာ့ ပဋိစ္စသမုပ္ပဒ် အကြောင်းအကျိုးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သိထားသင့်တယ်လို့ထင်ပါတယ်
ဒါမှ ရှုတဲ့အချိန် သံသယ ကင်းကင်းနဲ့ ရှုလို့ရမှာ..

ကောင်းမယ်ထင်တဲ့ဟာလေးတွေ စမ်းကြည့်ပေါ့..
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
ansdkant
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 6


ကိုယ်ရေးဖိုင်အား ကြည့်ရန်။
« ပြန်စာရေးရန်။ #9 ရေးသားချိန် ->: July 13, 2010, 08:39:38 AM »

ဖြစ်ပျက်နဲ့ မဂ်ကြားမှာ ကိလေသာခိုနေသလား
မဂ်ဆိုတာကတော့ ၀ိပဿနာရှုနေတဲ့ လောကီမဂ္ဂင် ၅ ပါးကိုပဲဆိုလိုတာပါ..


...ဖြစ်ပျက်နဲ့ လောကီမဂ္ဂင် ၅ ပါး ကြားမှာ ကိလေသာခိုမခိုစစ်ရမယ် ဆိုပြီးဖြစ်လာပြီ။

လောကီမဂ္ဂင် ၅ ပါး ဆိုတာ ဘာတွေပါလဲ (တကယ်မသိလို့မေးခြင်းပါ)
ဖြစ်ပျက်နဲ့ လောကီမဂ္ဂင် ၅ ပါး ကြားမှာ ကိလေသာခိုမခို ဘယ်လိုသိနိုင်/စစ်နိုင်မလဲ?

ဖြစ်ပျက်ကို မြင်တာက ရှုဥာဏ်ဆိုတဲ့ ၀ိပဿနာမဂ္ဂင် ၅ ပါးကမြင်တာပါလို့..


ဝိပဿနာမဂ္ဂင် ၅ ပါး(=ရှုဥာဏ်) ဆိုတာလဲ ရှင်းပေးပါဦး။ ပြီးတော့ဘယ်လိုသူတို့က "ဖြစ်ပျက်ကို" မြင်တာလဲ?

ကျေးဇူးတင်လျှက်
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
KShan
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 3


ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။
« ပြန်စာရေးရန်။ #10 ရေးသားချိန် ->: July 19, 2010, 09:19:50 AM »


စာပေကျမ်းဂန်တွေကို ကျကျနန သင်ယူလေ့လာထားတာမဟုတ်လို့ အဖြေတွေထဲမှာတော့ ကျေနပ်လောက်တဲ့အဖြေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်.. တီးမိခေါက်မိသလောက်ပဲပြောရမှာပဲ.. ကျွန်တော် အမြဲတမ်း ဆင်ခြင်တာတစ်ခုက တစ်ယောက်နဲ့တစ်ယောက်မှာ ဥာဏ်ရည် အဆင့်ချင်းမတူကြပါဘူး.. ကိုယ့်အဆင့်နဲ့ကိုယ် မြင်နိုင်တာထက်ပိုပြီး မမြင်နိုင်ကြပါဘူး.. ဒါပေမယ့် အထက်အထက်သော ပုဂ္ဂိုလ်တွေကတော့ အောက်, အောက်သော ပုဂ္ဂိုလ်တွေရဲ့ ဥာဏ်တွေကို ခန့်မှန်းနိုင်ပြီး… အောက် အောက်သော ပဂ္ဂိုလ်တွေကတော့ အထက် အထက်သော ပုဂ္ဂိုလ်တွေရဲ့ အမြင်တွေကို မသိနိုင် မခန့်မှန်းနိုင်ပါဘူး… ဥပမာ.. လူကြီးတစ်ယောက်က ကလေးတစ်ယောက်ရဲ့အတွေးကို ဝေဖန် ခန့်မှန်းနိုင်ပြီး ကလေးကတော့ လူကြီးလို မတွေးနိုင်ပါဘူး… ဆိုလိုချင်တာက ကျွန်တော်တို့တွေ တရားအကြောင်းဆွေးနွေးကြတဲ့နေရာမှာ ကိုယ့်ဥာဏ်ရည် မှီသလောက်ပဲ ဆွေးနွေးနိုင်မှာ ဖြစ်သလို ကိုယ့်ဥာဏ်ရည်ထက်ကျော်လွန်တာတွေကိုတော့ ဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး.. တကယ်လို့ ကျွန်တော်ရဲ့ အမြင်တွေက လွှဲချော်နေတယ် လမ်းမှားနေတယ်ဆိုရင် ကျွန်တော့် အထက် အထက်သော ပုဂ္ဂိုလ်များက သိနိုင်မှာဖြစ်သလို ကျွန်တော့်ကို လည်း လမ်းမှန်ပေါ်သို့ တည့်ပေးဖို့ကို လိုလားတောင့်တပါတယ်.. နောက်တစ်ချက်က အယူဝါဒတွေကို ကြားနာမှတ်သားတဲ့နေရာမှာ နားထောင်ကောင်းတာနဲ့ မယုံပဲ ကိုယ့်ဥာဏ်နဲ့ သဒ္ဓါနဲ့ ယှဉ်ပြီးယုံကြည်ဖို့တော့လိုတယ်လို့ အမြဲတမ်းဆင်ခြင်သုံးသပ်မိပါတယ်..
ကဲ..ဆက်ကြပါစို့… စကားတော့ခံပြီးသွားပြီ

ဝိပဿနာရှုတယ်ဆိုတာ တကယ်တော့ အရှုခံနဲ့ အရှုဥာဏ် ကိုက်နေအောင်လုပ်ရတာပါ..

အရှုခံက ခန္ဓာ၅ပါး ၊ အရှုဥာဏ်က ပုထုဇဉ်ပုဂ္ဂိုလ်ဆိုရင် မဂ္ဂင်၅ပါး လို့ဆိုပါတယ်

ခန္ဓာ၅ပါးကတော့ ထည့်မရေးတော့ပါဘူး..

မဂ္ဂင် ၅ ပါးဆိုတာကတော့
၁) သမ္မာသတိ၊ ဆိုတဲ့ ကောင်းတဲ့နေရာမှာသတိထားတာ.. တရားအားထုတ်တယ်ဆိုတာ ဒုက္ခကုန်အောင် အားထုတ်တာ… ဒုက္ခကုန်တယ်ဆိုတာ အကောင်းဆုံးပဲ.. မကောင်းတာတွေ မရှိတော့ဘူး.. အဲဒီအကောင်းဆုံး အခြေအနေရောက်အောင်လုပ်ဖို့အတွက် သတိထားတာကို သမ္မာသတိ …. တရားအားထုတ်တဲ့နေရာမှာ သတိကအရေးအကြီးဆုံး.. သတိမရှိရင် လုပ်ချင်တာတွေလုပ်နေမှာ… ဘာလို့လုပ်ချင်တာတွေလုပ်နေတယ်လို့ ပြောတာလဲဆိုရင် ဥပမာ.. စားချင်စိတ်ပေါ်လာရင် စားမယ်.. အိပ်ချင်ရင်အိပ်မယ်.. စေ့ဆော်တိုက်တွန်းမှုတွေအတိုင်း အထမြောက်နေကြရတာ.. ပေါ်လာတဲ့တရားက ဖြစ်ပြီး ပျက်တဲ့တရား ဒုက္ခသစ္စာတရားလို့ မဆင်ခြင်နိုင်တော့ဘူး.. မမြင်နိုင်တော့ဘူး.. တရားမတက်ဘူးလို့ ပေါ်လာတဲ့ စိတ်ကလည်း ပေါ်တဲ့အချိန်မှာ သတိမထားလိုက်နိုင်လို့ မမှတ်လိုက်နိုင်ရင် နောက်ဆက်တွဲတွေက အများကြီးလိုက်လာဦးမယ်.. အခုပဲ ၁၀ စောင်မြောက်သွားပြီ။ ဒါကြောင့် ခန္ဓာ ပေါ်တိုင်း ပေါ်တိုင်း သတိထား နေတာကို သမ္မာသတိဆိုတဲ့ မဂ္ဂင် တစ်ပါး..

၂) သမ္မာဝါယာမ (၀ိရိယ)၊ ဆိုတာ ၀ိရိယ, အားထုတ်တာ၊ ကြောင့်ကြစိုက်တာ.. သူလည်းပဲ သမ္မာပါလို့ အမှန်ဆုံး.. အကောင်းဆုံး နေရာမှာ အားစိုက်တာကို ဆိုလိုသည်တဲ့.. အားမစိုက်ပဲ ပြီးပြည့်စုံတဲ့ အမှုမရှိ.. ရေငတ်ပြေချင်ရင် ရေသောက်တယ်ဆိုတဲ့ အားစိုက်မှုလေးပါမှ ရေငတ်ပြေမှာ.. အဲဒီလိုပဲ ဒုက္ခကုန်တယ် ဆိုတာက အကောင်းဆုံးဆိုတော့ ဒုက္ခကုန်အောင် အားထုတ်တယ်ဆိုတာကမှ အားထုတ်မှုတွေထဲမှာ အကောင်းဆုံးဆိုတဲ့ သမ္မာဝါယာမ ဖြစ်မှာ

၃) သမ္မာသမာဓိ၊ ဆိုတဲ့ သမာဓိ ကတော့ တည်ကြည်တာကိုဆိုလိုသည်။ ဘယ်လိုတည်ကြည်သလဲဆိုတော့ ဥပမာ ရေကန်ထဲမှာ ကိုယ့်အရိပ်ကို ကြည့်ချင်တယ်ဆိုရင် ရေက ကြည်နေမှ ကိုယ့်အရိပ်ကို ထင်ထင်ရှားရှားမြင်နိုင်မယ်.. တကယ်လို့ ရေက နောက်နေမယ် လှုပ်နေမယ်ဆိုရင် ကိုယ့်အရိပ်ကို ထင်ထင်ရှားရှား တွေ့နိုင်မှာမဟုတ်ပါဘူး.. ဒါကြောင့်ကိုယ်မြင်ချင်တဲ့အရာကို ကောင်းကောင်းမြင်နိုင်တွေ့နိုင်ဖို့ဆိုတာက သမာဓိရှိမှ တည်ကြည့်နေမှ ကိုယ်ကြည့်ရာမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာ.. ကြည်နေတဲ့ရေလို ကိုယ်ရှုရာမှာထင်ထင်ရှားရှားမြင်ဖို့ သူကလည်း မပါရင်မဖြစ်တဲ့ သမ္မာသမာဓိ ဆိုတဲ့ မဂ်ရဲ့အပေါင်းအပါတပါး…. 
 အဲဒီအထက်မှာ ပြထားတဲ့ မဂ္ဂင် ၃ ပါးကတော့ သမာဓိမဂ္ဂင် ၃ ပါး ဆိုပြီး အုပ်စုဖွဲ့ထားတယ်..

နောက်ထပ် အုပ်စုတစ်ခုကတော့ ပညာမဂ္ဂင် ၂ ပါး အုပ်စု … အဲဒါတွေကတော့
၁) သမ္မာသင်္ကပ္ပ၊ ၂) သမ္မာဒိဋ္ဌိ ဆိုတဲ့ ပညာမဂ္ဂင် ၂ ပါး

သမ္မာသင်္ကပ္ပ ဆိုတာကတော့ ကြံစည်တာကိုဆိုလိုသည်.. အကောင်းဆုံးတွေကို အမှန်ဆုံးတွေကို ကြံစည်တာပေါ့..

သမ္မာဒိဋ္ဌိ ဆိုတာကတော့ အမှန်ကို အမှန်တိုင်း အဟုတ်ကို အဟုတ်အတိုင်း မြင်တာကို ဆိုလိုသည်။

သူတို့ နှစ်ခုက ဘယ်လို တွဲပြီးအလုပ် လုပ်သလဲဆိုတော့ ဥပမာ.. သမ္မာသင်္ကပ္ပကတော့ လေး(မြား)ချိန်တာနဲ့ တူပြီး.. သမ္မာဒိဋ္ဌိကတော့ မြားကို ပစ်လွှတ်လိုက်တာနဲ့တူတယ်… နောက်ဥပမာတစ်ခုက.. သရက်သီးတစ်လုံးကို ကောင်းမကောင်း စစ်တဲ့နေရာမှာ  သမ္မာသင်္ကပ္ပက သရက်သီးကို ဟိုဖက်ဒီဖက် လှည့်ပေးသမား.. သမ္မာဒိဋ္ဌိက သမ္မာသင်္ကပ္ပလှည့်ပေးတာကို ကောင်း၏ မကောင်း၏ လို့ မြင်တဲ့တရား.. ဆုံးဖြတ်တဲ့တရား..

သမ္မာဆိုတာကတော့ အကောင်းဆုံး အမှန်ဆုံး.. ဘယ်သူမှ မနိုင်းယှဉ်နိုင်အောင် သူ့လောက်ကောင်းတာ မှန်တာ မရှိ.လို့ ကျွန်တော်ကမြင်တယ်.. စာတွေက တိတိကျကျ ဘယ်လိုပြောလည်းတော့မသိဘူး

သမာဓိမဂ္ဂင် ၃ ပါး + ပညာမဂ္ဂင် ၂ ပါး = ၀ိပဿနာမဂ္ဂင် ၅ ပါး (or) လောကီမဂ္ဂင် ၅ ပါး (or) ရှုဥာဏ်တရား (or) ပုဗ္ဗဘာဂမဂ္ဂင် ၅ ပါး ဆိုပြီး အမည်တွေရပါတယ်.. နောက်ထပ်လည်း တခြားအမည်တွေ ရှိပါဦးမယ်..

ဖြစ်ခြင်း ပျက်ခြင်း ကို မြင်ဖို့ ဒီမဂ္ဂင် ၅ ပါးလုံးစုံမှ မြင်မှာပါ…
ခန္ဓာပရိနိဗ္ဗာန်မပြုမချင်း စိတ်က ပေါ်ရတယ်ဆိုတာ သင်္ခါရတရားမို့ သူကတော့ ပေါ်မှာပဲ… ပြီးတော့ သူက အနိစ္စတရားမို့ ပျက်တာပဲ.. အဲဒီ စိတ်တစ်ခု ပေါ်တာ ပျက်တာက ဘုရားပွင့်လည်း ဒီလိုပဲ ဘုရားမပွင့်လည်းဒီလိုပဲ.. ဘယ်သူ့မှာပဲဖြစ်ဖြစ် ဘာစိတ်ပဲဖြစ်ဖြစ် သူက ပေါ်လည်း ပေါ်တဲ့တရား ပျက်လည်း ပျက်တဲ့တရား… သူ့ကို ရှုလည်း ဒီလိုပဲ မရှုလည်း သူက ပေါ်လိုက် ပျက်လိုက်ပဲ.. စိတ်တစ်ခုပေါ်တယ် ပြီးပျက်တယ်.. နောက်စိတ်အစားထိုးပေါ်တယ် ပြီးပျက်တယ်.. ဒီလို သွားနေပါတယ်..
အဲဒီလို ဖြစ်လိုက် ပျက်လိုက် ဖြစ်နေတဲ့ဟာကို မြင်အောင် ကြည့်တာကို ၀ိပဿနာရှုတယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲ မြင်ပါတယ်…

မဂ္ဂင် ၅ ပါးစုံပုံလေးက ဒီလိုပါ..
စိတ်တစ်ခု ဖြစ်တယ်ဆိုရင် ပြီးရင်ပျက်သွားတယ်… ဒါက အမှန်တရားပါ.. ဘယ်သူမှ ငြင်းလို့မရပါဘူး.. စိတ်က ရှု ရှု မရှုရှု ဖြစ်ပြီးရင်ပျက်တာပဲ.. မှန်လား မမှန်လားဆိုတာ ပြချင်လို့ပါ.. အဲဒီ အမှန်ကို အမှန်အတိုင်း ဖြစ်နေပျက်နေတာကို မြင်အောင်လို့ သတိထားတာကို သမ္မာသတိ…. အဲဒီပေါ်လာတာကို ၀ိရိယလေးစိုက် အားလေးထုတ်နေတာကို သမ္မာဝါယာမ… အဲဒီလို သတိလေးထား၊ ၀ိရိယလေးထားလိုက်ပြီဆိုရင် စိတ်ကလေးတည်ကြည်လာတာက သမ္မာသမာဓိ… ပေါ်တဲ့စိတ်တစ်ခုကို မြင်ဖို့ဆိုတာက ပေါ်တဲ့အချိန် သတိထား ၊ ၀ိရိယစိုက် လိုက်ရင် သမာဓိက ပေါ်တဲ့စိတ်အပေါ်သွားတည်လို့ ပေါ်ရင် ပေါ်မှန်းသိတာ… စိတ်ပေါ်ရင် စိတ်ပေါ်တယ်လို့ သိတာက သမာဓိမဂ္ဂင် နဲ့သိတာ.. အဲဒီတော့ ဘာစိတ်ပေါ်ပေါ်သိတယ်ဆိုတာက သမာဓိမဂ္ဂင် ၃ ပါးနဲ့သိတာ… စိတ်ပေါ်မှန်းသိတာ ပညာမဂ္ဂင် မပါသေးလို့… ၅ပါးမစုံသေးလို့ ၀ိပဿနာမဖြစ်သေးပါဘူး… ဒါပေမယ့် သမထတော့ဖြစ်ပါတယ်.. ပေါ်ရင်ပေါ်တဲ့စိတ်ပေါ်မှာ သမာဓိလိုက်တည်ရလို့ပါ.. ဒါကြောင့် ဖြစ်တာလေးတွေပဲ သိနေသေးတယ်ဆိုရင် ပညာမဂ္ဂင်မပါသေးလို့ ၀ိပဿနာမဖြစ်သေးပါဘူး.. ဘာစိတ်ပေါ်ပေါ် ပေါ်တိုင်းသိနေရုံနဲ့ မပြီးသေးပါဘူး.. စိတ်က ပေါ်တဲ့ နေရာမှာ ရပ်နေတာ မဟုတ်လို့ပါပဲ… စိတ်က ပျက်တဲ့ထိ ဆက်သွားပါသေးတယ်.. ဒါကြောင့် သတိ၊၀ိရိယ၊သမာဓိ ၃ပါးစုံရင် အဖြစ်ကို မြင်ပြီ.. အပျက်ကိုကျတော့ သမာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိတို့က မြင်တာပါ.. သမ္မာသင်္ကပ္ပက စိတ်ပဲလား ဘာဆက်ဖြစ်သေးလဲလို့ ကြံစည်ပြီးတော့ သမ္မာဒိဋ္ဌိကတော့ ပျက်သွားတာကို စိတ်က ပျက်ပါသေးလားလို့.. တကယ်ပျက်တာကို တကယ်ပျက်တယ်လို့ ဆက်မြင်ပါတယ်.. အဲဒီလို စိတ်က တကယ် ပျက်တာကို တကယ်ပျက်တယ်လို့ ဒီထိကျအောင်လိုက် မြင်မှ… တနည်း… ဒီမဂ္ဂင်၅ပါးစုံမှ .. ပညာမဂ္ဂင် ပါလို့ ၀ိပဿနာဖြစ်တာပါ… ဘာစိတ်ပေါ်ပေါ် ပေါ်တိုင်းသိပေးပါဆိုတာက အပျက်ထိအောင် လိုက်သိရမယ်လို့ မှတ်စေချင်ပါတယ်..
ပေါ်ရင် ပေါ်တယ်လို့ သိ…. ပျက်ရင်ပျက်တယ်လို့ သိတာက တကယ်တရားတယ်လို့ ကျွန်တော်ကမြင်ပါတယ်.. စိတ်ကိုပေါ်ပြီးပျက်တဲ့တရားလို့ မြင်တာ… မြင်ခိုင်းတာ.. နှလုံးသွင်းခိုင်းတာကို တရားလုပ်တယ်လို့ ကျွန်တော်က သုံးနှုန်းလိုက်ပါတယ်.. ဘာလို့လဲဆိုတော့ ပျက်တာကို ပျက်တယ်လို့ ယူတာက တကယ်တရားပါတယ်.. ပျက်တာကို မပျက်ပါဘူးဆိုရင်တော့ မတရားတော့ဘူး.. မတရားလုပ်တာပဲ … ဒီတော့ တရားလုပ်တယ်ဆိုတာ အပျက်ထိမြင်မှတရားမှာ… မဟုတ်ရင် ဟိုကပျက်သွားပြီ ကိုယ်ကမသိလိုက်ဘူး.. မသိလိုက်တော့ ရှိသေးတယ်လို့ထင်.. ရှိသေးတယ်လို့ထင်တော့ စွဲလန်း.. စွဲလန်းတော့ သိမ်းပိုက်ချင် … ပဋိစ္စသမုပ္ပါဒ်ထဲ ထည့်ကြည့်လိုက်ရင် မတရားမှုတွေ အများကြီးဆက်ကုန်တော့မှာပဲ.. ကျွန်တော့်အမြင်ပြောပါတယ်..

ဒါကြောင့် ရှေ့မှာဖြစ်ပြီးပျက်တဲ့တရား … နောက်မှာက ဖြစ်ပျက်လို့သိတဲ့ ဥာဏ် ဆိုပြီး ကိုက် ကိုက် နေအောင် ရှုရပါတယ်..
အဲဒီလိုမှ ကိုက်အောင် မရှုနိုင်တော့ဘူးဆိုရင် ကိလေသာ တွေကတစ်ခုမဟုတ် တစ်ခု ဖြစ်ပျက်နဲ့ ဥာဏ်ကြားမှာ ၀င်လာပါလိမ့်မယ်… ၀င်လာရင်လည်း သူက ဖြစ်ပြီးပျက်တဲ့တရားလို့ သူ့ကိုပဲ ဖြစ်ပျက်ကျအောင် ရှုနိုင်ပါတယ်.

အဲဒီလို ရှုနိုင်လို့ ရှုပါများလာရင် စိတ်ရှုတဲ့ပုဂ္ဂိုလ်ဆိုရင် စိတိကို စိတ်လို့ မမြင်တော့ပဲ ဖြစ်ပြီးပျက်တဲ့တရားလို့ ဥာဏ်ထဲမှာထင်လာပါလိမ့်မယ်… စိတ်လို့သာပြောတယ် သူက ဖြစ်ပြီး ပျက်တဲ့တရားပါလားလို့ပေါ့…

ဒါဆိုရင် နည်းနည်းတော့ တရားတာတွေ တိုးတက်လာပြီလို့ ဆိုရမှာပဲ..

ကောင်းမယ်ထင်တာလေးတွေစမ်းကြည့်ပေါ့..
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
konavy
Newbie
*
မရှိပါ။ မရှိပါ။

ဆွေးနွေးချက်များ: 4


ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။
« ပြန်စာရေးရန်။ #11 ရေးသားချိန် ->: July 28, 2010, 09:42:33 PM »

လောကီမဂ္ဂင် ၅ ပါး ဆိုတာ ဘာတွေပါလဲ၊
ဖြစ်ပျက်နဲ့ လောကီမဂ္ဂင် ၅ ပါး ကြားမှာ ကိလေသာခိုမခို ဘယ်လိုသိနိုင်/စစ်နိုင်မလဲ?


ကျွန်တော်ဥာဏ်မှီသလောက်ရေးပါရစေ၊ကိုansdkantရဲ့အသိတွေကမနဲဘူးတိုတာသိပါတယ်။လိုနေရင်ဖြည့်ဖက်ပေးပါ။
ကျွန်တော်တို့တရားအာထုပ်ရင် နှာသီးဝတို့ ၀မ်းဗိုက်တို့ စသည်ဖြင့်အစထားပြီးတော့ယေဘူယလုပ်ကြတယ်မှတ်လား
အဲဒီလိုကိုယ်သန်ရာသန်ရာနေရာလေးကို သတိလေးထား ၀ိရိယလေးစိုက်ပြီးတော့ စိတ်ကလေးညွတ်ကြည့်
(တနည်းအားဖြင့် အာရုဏ်လေးညွတ်ကြည့်) ကြတယ်လေ။ စိတ်ကလေးဘယ်မှမသွားအောင် သတိထား ၀ိရိယစိုက်ပြီး
ကြိုးစားနေလိုက်တော့ စိတ်ကလေးတည်ငြိမ်ပြီးတော့ သမာဓိ တည်လာတာပေါ့
အဲဒီအခါမှာ သမာဓိမဂ္ဂင် ၃ ပါး ပြည့်စုံနေတာပေါ့။ စိတ်ကလေးတည်ငြိမ်ပြီး
အဲဒီလို စိုက်ကြည့်တဲအခါမှာ နှာသီးဝကိုကြည့်တဲ့ အခါမှာ နှာသီးဝ ၊လေ အစရှိတဲ့ ပညတ်ကိုအာရုဏ်မရှိတော့ပဲ
တိုးနေတဲ့သဘော ထိနေတဲ့သဘော တနည်း ပရမတ် ပေါ်အာရုဏ်ရောက် လာရင်၊ ဗိုက်မှာကြည့်တဲ့ယောဂီကလဲ
 ဗိုက် ၊ဖောင်းပိန် ဆိုတဲ့ ပညတ် ပေါ်မှာအာရုဏ်မရှိတော့ပဲ တောင့်တဲ့သဘော တင်းတဲ့သဘော စတဲ့ပရမတ်ပေါ် အာရုဏ်(ဥာဏ်) ရောက်လာရင်
အရှိကိုအရှိအတိုင်းမြင်တဲ့အတွက် သမ္မာဒိဋ္ဌိ အမြင်မှန်ရပြီိပေါ့၊
အဲဒီလိုနဲယောဂီကဆက်အားထုပ်တဲ့အခါ တိုးနေတဲ့သဘော ထိတဲ့သဘော ပူတဲ့သဘော တင်းတဲ့သဘော တောင့်တဲ့သဘော အောင့်တဲ့သဘော အစရှိတဲ့
ထင်းရှားရာသဘောလေးတွေရဲ့ ပြောင်းလဲ ဖောက်ပြန် ပျက်စီး နေတာတွေကိုမြင်ပြီးတော့ ဒီသဘောလေးတွေဟာ အမြဲပြောင်းလဲ ဖောက်ပြန် ပျက်စီး နေတာတွေပါလား၊
 အကြောင်းတိုက်ဆိုင်တုန်းဖြစ်ပေါ်လာပြီးတော့ အကြောင်းကုန်တော့ ပျက်စီးပျောက်ပျက်သွားပါလား၊ ဖောက်ပြန်ပျက်စီးနေတာ ရုပ်တရား
 အဲဒီအပေါ်မှာတစပ်ထဲသိနေတာ စိတ်(နာမ်တရား)့ လို့ တွေးစိတ် ကြံစည်စိတ် ဥာဏ်မှာထင်လာတော့ သမ္မာသင်္ကပ္ပ မဂ္ဂင် ကိန်းပြီပေါ့၊ အဲဒီအခါမှာ
သမာဓိမဂ္ဂင် ၃ ပါး + ပညာမဂ္ဂင် ၂ ပါး = ၀ိပဿနာမဂ္ဂင် ၅ ပါး (or) လောကီမဂ္ဂင် ၅ ပါး (or) ရှုဥာဏ်တရား (or) ပုဗ္ဗဘာဂမဂ္ဂင် ၅ ပါး ပြည့်ပြီပေါ့၊
အဲဒီလိုနဲ့ပေါ်သမျှလေးတွေကိုကြည့်နေရတော့မှာပါပဲ၊

   ကိလေသာကြားခိုမခိုဆိုတာ ဖြစ်ဆဲရုပ် နာမ် ပစ္စုပ္ပန်တဲ့တဲ့မှာ မသိလိုက်ရင် ကိလေသာက၀င်တာပါပဲ
 ဥပမာ အသံတစ်ခုကိုကြားနေ ချိန်မှာ ကြိုက်သည်လဲမဟုပ် မကြိုက်သည်လဲမဟုပ် ဆိုရင်မောဟကိလေသာဝင်နေတာပါပဲ
အဲဒီကနေကြိုက်တဲ့အသံလေးပြောင်းသွားလို့ သဘောကျရင် လောဘကိလေသာ ၀င်တာပါပဲ
အဲဒီကမှ မကြိုက်တဲ့ အာရုဏ်ဖြစ်သွားလို့ သဘောမကျတဲ့ စိတ်ကလေးဖြစ်သွားရင် ဒေါသကိလေသာဝင်တာပါပဲ၊
 အဲဒီလိုမဖြစ်အောင် ပေါ်လာတဲ့အာရုဏ်(ဥပမာပေးတာက အသံ) ကိုမဂ္ဂင်(၅)ပါး နဲ့ကြည့်နိုင်ရင် ကိလေသာနေရာမှာ ဥာဏ်ဝင်တာပါပဲ။
အားထုပ်နေတဲ့အချိန်မှာ ပေါ်ရာ၊ပြရာကိုတရစပ်မကြည့်နိုင်ရင် လွတ်တဲ့အချိန်ကိလေသာဝင်တာပါပဲ ကြားခိုတာပါပဲ၊
ဒီလိုပါပဲတနေကုန်သွားလာလှုပ်ရှားနေတဲ့အခါမှာ တက်နိုင်သလောက်ခန္ဒာကိုဥာဏ်စိုက်ထားရင် ပစ္စုပ္ပန်တဲ့တဲ့မှာ သိနေရင် သိတဲ့အချိန် ကိလေသာမ၀င်ပါဘူး၊
မသိတဲ့အချိန်တိုင်း ကိလေသာတွေနဲ့အမြဲမပျက် တရစပ်လုံထွေးနေတာပေါ့၊ ဒါကြောင့်လဲ ပုထုဇဉ်လို့ခေါ်တာပေါ့၊
တနည်းပြောရရင် မသိတဲ့အချိန်မှာ အ၀ိဇ္ဇာဖုန်း နေပြီးတော့ သိနေတဲ့အချိန်မှာ ၀ိဇ္ဇာဖြစ်နေတာပေါ့၊
မသိဘဲနေလဲအလုပ်ပြီးတာပါပဲ သိသိပြီးလုပ်လဲအလုပ်ပြီးတာပါပဲ၊ သတိဦးဆောင်ပြီးတော့
အ၀ိဇ္ဇာ မှ ၀ိဇ္ဇာ ဖြစ်အောင် ဘ၀ကိုဖြတ်သန်းနိုင်အောင် ကြိုးစာရင်းတိုက်တွန်းလိုက်ပါတယ်
ဖိုရမ်အတွင်းသို့  ၀င်ရောက်ပြီး။
စာမျက်နှာများ။: [1]
  ပုံနှိပ်ရန်။  
 
ကျော်သွားမည်။: